ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းစီမံကိန်းများအတွက် မြေကွက်ချပေးခြင်းများနှင့် ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲဆိုထားသည့် အဂတိနှစ်မှုအတွက် တရားလိုပြသက်သေကို စစ်ဆေး
နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းစီမံကိန်းတွေအတွက် မြေကွက်ချပေးတာတွေနဲ့ ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိနှစ်မှုအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကို တရားလိုပြသက်သေအဖြစ် နိုဝင်ဘာ ၁၉ ရက်က စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။