သံဖြူဇရပ်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဝင်းအတွင်း မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ် - မော်လမြိုင်ကားလမ်းဘေးမှာရှိတဲ့ သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးဝင်းအတွင်း နိုဝင်ဘာလ (၁၉) ရက် နံနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။