နယ်စပ်တွင်သောင်တင်နေသည့် ရွှေ့ပြောင်းနေထိုင်သူနှစ်ထောင်ကို အီးယူလက်ခံရန် ဘယ်လာရုစ်မျှော်လင့်
ဘယ်လာရုစ်နိုင်ငံအနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအရေးမှာ ပိုလန်နဲ့ထိပ်တိုက်မတွေ့လိုကြောင်း ၊ ဒါပေမယ့်၎င်းနယ်စပ်မှာသောင်တင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူ နှစ်ထောင်ကို အီးယူကခေါ်ယူပေးစေလိုကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို က နိုဝင်ဘာ ၂၂ ရက်မှာပြောဆိုလိုက်ပါတယ်။