ဆော်လမွန်ကျွန်းတွင် ဖြစ်ပွားသည့် ဆူပူအုံကြွမှုများအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး တရုတ် အစိုးရ ရှုတ်ချ
ပစိဖိတ်ကျွန်းနိုင်ငံငယ်ဖြစ်တဲ့ ဆော်လမွန်ကျွန်းမှာ တရုတ်နိုင်ငံကိုလိုလားတဲ့ ဝန်ကြီးချုပ် မနက်ဆာဆိုဂါဗယ်ကို ဆန့်ကျင်တဲ့ သုံးရက်ကြာ ဆန္ဒပြမှုတွေအတွင်း ဆူပူအုံကြွမှုတွေ ဖြစ်ပွားခဲ့မှုအပေါ် ရှုတ်ချကြောင်းနဲ့ ၎င်းနိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုကို စိတ်ချသေချာစေဖို့ လုပ်ဆောင်ပေးသွားမယ်လို့ တရုတ်နိုင်ငံက နိုဝင်ဘာ ၂၆ ရက်က ပြောကြားခဲ့ပါတယ်။