၂၀၂၁ ခုနှစ်တွင် ကပ်ရောဂါကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းသည် ဒေါ်လာ နှစ်ထရီလီယံ ဆုံးရှုံးဖွယ်ရှိသည်ဟု ကုလသမဂ္ဂ ခန့်မှန်း
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍမှာ ဒေါ်လာ နှစ်ထရီလီယံ ဆုံးရှုံးနစ်နာခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ခရီးသွားလုပ်ငန်းအဖွဲ့က နိုဝင်ဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပြီး ခရီးသွားကဏ္ဍ ပြန်နာလန်ထူလာမှုမှာ အရှိန်နှေးကွေးနေပြီး အထိမခံသော အခြေအနေဖြစ်တယ်လို့လည်း ၎င်းအဖွဲ့က ဆိုပါတယ်။