ဆူဒန်တွင် အာဏာသိမ်းမှုအလွန် သဘောတူညီချက်အပေါ် ဆန္ဒပြသူများကို မျက်ရည်ယိုဂတ်စ် အသုံးပြု၍ လူစုခွဲ
ဆူဒန်တွင် အာဏာသိမ်းမှုအလွန် သဘောတူညီချက်အပေါ် ဆန္ဒပြသူများကို မျက်ရည်ယိုဂတ်စ် အသုံးပြု၍ လူစုခွဲ
ဆူဒန်နိုင်ငံမှာ လွန်ခဲ့တဲ့လက စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ဝန်ကြီးချုပ်ကို ရာထူးပြန်လည် အပ်နှင်းခဲ့မှုအပေါ် နောက်ဆက်တွဲ သဘောတူညီချက်တစ်ရပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက်မှာ မျက်ရည်ယိုဂတ်စ်တွေ အသုံးပြုပြီး လူစုခွဲခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြားခဲ့ပါတယ်။