နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)အပါအဝင် ပုဒ်မငါးခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော ရတနာပုံတက္ကသိုလ် ကျောင်းသား များကို တတိယအကြိမ်မြောက် ရုံးထုတ်
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)အပါအဝင် ပုဒ်မငါးခုနဲ့ဖမ်းဆီးပြီး တရားစွဲဆိုခံထားရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားတွေရဲ့ တတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုကို ဇန်နဝါရီလ၃ဝရက်ကပြုလုပ်ခဲ့ပြီး တရားလိုပြသက်သေ လေးဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။