မန်းရွှေစက်တော်ဘုုရားပွဲတော်တွင် ဂေါပကအဖွဲ့ သတ်မှတ်စျေးထက် ပိုုမိုုကောက်ခံသည့် တဲကျောင်းလုုပ်ငန်းများကိုသတိပေးမှုမရှိဘဲတိုုက်ရိုုက်အရေးယူသွားမည်
ဖေဖော်ဝါရီ ၉ရက်နေ့က ဖွင့်လှစ်တော့မယ့် မကွေးတိုုင်းဒေသကြီးမင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုုရားပွဲတော်ကာလအတွင်း ဂေါပကအဖွဲ့ သတ်မှတ်စျေးနှုန်းထက် ပိုုမိုုကောက်ခံတဲ့ တဲကျောင်းလုုပ်ငန်းတွေကို သတိပေးမှုမရှိဘဲတိုုက်ရိုုက်အရေးယူသွားမယ်လို့ ရွှေစက်တော်ဘုုရားဂေါပကဥက္ကဋ္ဌ ဦးအောင်သိန်းနှင့် မန်းရွှေစက်တော်ဘုုရားပွဲတော် ကျင်းပရေးကော်မတီ တာဝန်ရှိသူများက Eleven Media Group သိုု့ ပြောပါတယ်။