သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပေါ် ချမှတ်ခဲ့သည့် ထောင်ဒဏ်လေးနှစ်အနက် နှစ်နှစ်အား လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ထောင်ဒဏ်များကို လက်ရှိထိန်းသိမ်းထားသည့် နေရာ၌ပင် ကျခံရန် နစက ထုတ်ပြန်
သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ချမှတ်ခဲ့သည့် ထောင်ဒဏ် လေးနှစ်အနက် နှစ်နှစ်အား ပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ထောင်ဒဏ်များကို လက်ရှိထိန်းသိမ်းထားသည့် နေရာ၌ပင် ကျခံရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။