မန်စီးတီးရဲ့အရှုံးကို အပြည့်အဝ အခွင့်အရေးမယူနိုင်ခဲ့တဲ့လီဗာပူးလ်နဲ့ ဂိုးပြတ်အရှုံးကြောင့် အဆင့် (၅) နေရာကို ဆင်းပေးလိုက်ရတဲ့ ချယ်လ်ဆီး
ပရီးမီးယားလိဂ်ပွဲစဉ်(၂၄) ဒုတိယနေ့ပွဲစဉ်တွေမှာတော့ လီဗာပူးလ်ဟာ အိမ်ကွင်းမှာ လက်စတာကို တစ်ဂိုးစီ သရေသာကစားနိုင်ခဲ့ပြီး ပထမနေ့က မန်စီးတီးရဲ့အရှုံးကို အပြည့်အဝအခွင့်အရေးမယူနိုင်ခဲ့သလို ချယ်လ်ဆီး ကလည်း ဘုန်းမောက်ကို လေးဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် (၅) နေရာကို ဆင်းပေးလိုက်ရပါတယ်။