ဖိလစ်ပိုင် အယူခံတရားရုံးက ခွင့်ပြုပေးလိုက်သဖြင့် မာရီယာရက်ဆာ နိုဘယ်ငြိမ်းချမ်းရေးဆုကို အောစလိုတွင် တက်ရောက်ယူခွင့်ရရှိ
ဖိလစ်ပိုင်ငြိမ်းချမ်ရေး နိုဘယ်ဆုရရှိသူ မာရီယာရက်ဆာသည် ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပမည့် နိုဘယ်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရန် လျှောက်ထားမှုကို တတိယတရားရုံးက အတည်ပြုပေးလိုက်ပြီးနောက်
၎င်းသည် နိုဘယ်ဆုကို ကိုယ်တိုင် တက်ရောက်ယူရန် အောစလိုမြို့သို့ သွားတော့မည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။