လပွတ္တာ-မြောင်းမြကားလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိုက်ရော့ပြုတ်၍ လမ်းဘေးရှိ သစ်ပင်အား တိုက်မိမှုဖြစ်ပွားပြီး နှစ်ဦးသေဆုံး
လပွတ္တာ-မြောင်းမြကားလမ်းမှာ ဒီဇင်ဘာ ၈ ရက်က ခရီးသည်တင်ယာဉ်တစ်စီး တိုက်ရော့ပြုတ်ကာ လမ်းဘေးရှိ သစ်ပင်ကို တိုက်မိမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။