အနားယူမည့် ဒုသမ္မတနေရာတွင် ဒေါက်တာဇော်မြင့်မောင်နှင့် ဦးဖြိုးမင်းသိန်းတို့ကို လျာထားဟု အွန်လိုင်းပေ့ချ် တစ်ခုက သတင်းဖော်ပြမှုသည် သတင်းအမှားသာဖြစ်ဟု ဆို
မကြာမီ အနားယူမယ့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ နေရာမှာ အစားထိုးခန့်အပ်ရန် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ကို လျာထားရွေးချယ်ထားကြောင်း ပြည်သူ့ခေတ် မီဒီယာအမည်ရှိ အွန်လိုင်းပေချ့်တစ်ခုက ဇန်နဝါရီ ၂၉ ရက်က ရေးသားဖော်ပြတဲ့သတင်းမှာ သတင်းအမှားသာ ဖြစ်တယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။