ဒေါက်တာဇော်မြင့်မောင်အား ထောင်အာဏာပိုင်များက ခရီးသွားခွင့်မပြုခြင်းကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲဆိုထားသည့်အမှုအတွက် သက်သေအဖြစ် ထွက်ဆိုနိုင်ခြင်းမရှိသေး

ဒေါက်တာဇော်မြင့်မောင်အား ထောင်အာဏာပိုင်များက ခရီးသွားခွင့်မပြုခြင်းကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲဆိုထားသည့်အမှုအတွက် သက်သေအဖြစ် ထွက်ဆိုနိုင်ခြင်းမရှိသေး
Published 13 December 2021

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲထားတဲ့ အမှုအတွက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် လာရောက်ထွက်ဆိုရန် ဆင့်စာ ပေးပို့ထားပေမယ့် သက်ဆိုင်ရာအကျဉ်းထောင်မှ ထောင်ဆရာဝန်ရဲ့ ဆေးစာအရ ထောင်အာဏာပိုင်များက ၎င်းကို ခရီးသွားခွင့် မပြုခြင်းကြောင့် တရားရုံး လာရောက်သက်သေထွက်ဆိုနိုင်ခြင်းမရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရပါတယ်။