တရုတ်နိုင်ငံသည် GACC တွင် မှတ်ပုံတင်ထားသော လုပ်ငန်းများမှ စားသောက်ကုန်များကိုသာ လာမည့် ဇန်နဝါရီ ၁ ရက်မှစ၍ တရားဝင် တင်သွင်းခွင့်ပြုမည် ဖြစ်သဖြင့် မြန်မာပို့ကုန်လုပ်ငန်းရှင်များ မှတ်ပုံတင်နိုင်ရေး အသိပေး

Published 15 December 2021

လာမည့် ဇန်နဝါရီ ၁ ရက်မှစ၍ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ထားသော လုပ်ငန်းများမှ စားသောက်ကုန်များကိုသာ တရားဝင် တင်သွင်းခွင့်ပြုမည် ဖြစ်သဖြင့် မြန်မာပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက် တင်ပို့သည့်လုပ်ငန်းများ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပေးနိုင်ရေး လုပ်ငန်းအဖွဲ့က အသိပေးချက် ထုတ်ပြန်ထားသည်။