အမေရိကန်၏ပိတ်ဆို့မှုများကို တုံ့ပြန်သွားမည်ဟု တရုတ် ပြောကြား

အမေရိကန်၏ပိတ်ဆို့မှုများကို တုံ့ပြန်သွားမည်ဟု တရုတ် ပြောကြား
Published 18 December 2021

တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသမှာ အဓမ္မ အလုပ်စေခိုင်းခြင်းမရှိကြောင်း သက်သေမပြနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ အနေ နဲ့ အမေရိကန်သို့ ကုန်ပစ္စည်းတွေတင်ပို့ခွင့်ကို ပိတ်ပင်တဲ့ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန်အထက်လွှတ်တော်က မဲခွဲအတည် ပြုခဲ့ပြီးနောက် တရုတ်အနေနဲ့ ယင်းပိတ်ဆို့မှုတွေကို တုံ့ပြန်သွားမယ်လို့ ဒီဇင်ဘာ ၁၇ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။