ဗိုလ်ချုပ်ကြေးရုပ်ထားရှိသည့် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံဘေးတွင် ဖွင့်ထားသောသပိတ်စခန်းကို ဖယ်ရှားခဲ့ပြီး ဆန္ဒထုတ်ဖော်နေသော ကရင်နီလူငယ်များကို ရဲစခန်းသို့ ခေါ်ဆောင်
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်တုစိုက်ထူမှုကို ကရင်နီလူငယ်တွေက ခေတ္တ ရပ်တန့်ဖို့ တားဆီးခဲ့ပြီးနောက် ပန်းခြံဘေးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းက သပိတ်စခန်းဖွင့်ဆန္ဒထုတ်ဖော်ခဲ့ရာ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်မှာတော့ သပိတ်စခန်း ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။