ကိုလေးဖြူ၊ကိုအငဲ၊မတင်ဇာမော်သီချင်းတွေကို `ရူးသွပ်စွာနားထောင်ရင်း အဆိုတော်ဖြစ်ချင်ခဲ့တာ. ရော့ခ် ဂီတ ကို ကြိုက်တယ်။ မတင်ဇာမော်သီချင်းတွေကို ကြိုက်လွန်းလို့ ပြန်တောင်မဆိုဘူး ။ ပြန်ဆိုလိုက်ရင်သီချင်းပျက်ဆီးမှာစိုးလို့၊ သီချင်းခွေထွက်ဖို့လုပ်ထားပေမယ့် ခေတ်အခြေအနေ က သီချင်းတွေကို ဆက်မလုပ်ဖြစ်သေးဘူးပေါ့နော်.။ အခု အဒေါ်ရဲ့စီးပွားရေးဖြစ်တဲ့ Glow Nature beauty Products တွေကိုရောင်းပေးနေတယ်။ သီချင်းတွေပြန်လုပ်လို့ရတဲ့ အချိန်ကျရင်လည်း Glow Nature စီးပွားရေး ကို ဆက်လုပ်သွားမှာ ပါဆိုတဲ့ အဆိုတော် တုန်တုန်