လေးကေကော်ဒေသမှ စစ်ဘေးရှောင်များနှင့် ဒဏ်ရာရသူများကို ထိုင်းဘက်သို့ ဝင်ခွင့်ပြု
မြန်မာ - ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ် ခန့်က စတင်ကာ တပ်မတော်က လေယာဉ်၊ မြေပြင်ကနေ လက်နက်ကြီးနဲ့တိုက်ခိုက်တာကြောင့် ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒဏ်ရာရသူတွေကို ည ၁၂ နာရီခန့်မှာ ထိုင်းနယ်ခြားစောင့်တပ်က ဝင်ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။