ဒီဇင်ဘာ ၂၄ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ လေးကေကော်ဒေသမှ စစ်ဘေးရှောင်များနှင့် ဒဏ်ရာရသူများကို ထိုင်းဘက်သို့ ဝင်ခွင့်ပြု
■ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၂၅ ရပ်ကွက် ပုလဲရတနာလမ်းပေါ်ရှိ အထက ၃ ကျောင်းရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွား
■ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် နှစ်ဝက်စာမေးပွဲများကို ဇန်နဝါရီ ၅ ရက်မှစ၍ တစ်နေ့လျှင် နှစ်ဘာသာနှုန်းဖြင့် ကျင်းပမည်
■ အကျင့်ပျက်ခြစားမှုဖြင့် ထောင်ချခံခဲ့ရသည့် တောင်ကိုရီးယားသမ္မတဟောင်းပတ်ဂွန်ဟေး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ
■ အတင်းအကြပ်စေခိုင်းမှုများကြောင့် တရုတ်ဒေသ ရှန်ကျန်းမှထုတ်ကုန်အားလုံးနီးပါးကို အမေရိကန် ပိတ်ပင်
■ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်သဖြင့် တရုတ်အာဏာပိုင်များက ရှီအန်းမြို့ကြီးရှိ မြို့ခံ ၁၃ သန်းကို လော့ဒေါင်း ချ
■ တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့အလိုက် လူသေဆုံးမှုအများဆုံး စံချိန်တင်
■ လိဂ်ဖလားဆီမီးဖိုင်နယ်ကို တစ်ကျော့တည်း ယှဉ်ပြိုင်စေရန် ကလော့ပ်နှင့် ကွန်တီ ဆန္ဒရှိ