မြန်မာအမျိုးသားလေကြောင်းလိုင်းမှလေယာဉ်တစ်စင်း လွိုင်ကော် လေဆိပ်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း လွိုင်ကော် လေဆိပ်တွင် ဆင်းသက်ရောက်ရှိနေစဉ် လေယာဉ်ကွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း ဒီဇင်ဘာ ၂၄ ရက်မနက်ပိုင်းက လွိုင်ကော် လေဆိပ်မှာ ဆင်းသက်ရောက်ရှိနေစဉ် KNPP အဖွဲ့နဲ့ PDF ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လူနေရပ်ကွက်များအတွင်းမှ ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ လေယာဉ်ကွင်းသို့ လာရောက်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။