ဝိုင်းစု အရမ်းကြိုက်တဲ့ မုန့်ဟင်းခါးပါ။ အရမ်းကြိုက်လို့ အိမ်မှာ အမြဲချက်စားဖြစ်တယ်။ အဲဒါကို သိတော့ မိတ်ဆွေတွေကရောင်းပါလားလို့ပြောကြတယ်။ ဝိုင်းစုမေမေ က လည်း ပုဇွန်ဆီ ရောင်းနေတာ ရှိတော့ သူပင်ပန်းတာကို ကြည့်ပြီး ဝိုင်းစု ကို မရောင်းချင်ဘူး။ ဒါပေမယ့်လည်း အားလုံးက ရောင်းဖို့အားပေးကြတာနဲ့ ရောင်းဖြစ်တာပါ။ ဖက်ထမင်းပါ တွဲရောင်းတော့ တော်တော်လေး ပင်ပန်းပါတယ်။ ပရိသတ်တွေ မိတ်ဆွေက အားပေးကြလို့ ပျော်တယ်ဆိုတဲ့ သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်း