ဒီဇင်ဘာ ၂၇ ရက် နံနက်ခင်းသတင်းအစီအစဉ်
■ ဘီးလင်းမြို့နယ်အတွင်း တပ်မတော်နှင့် BGF ပူးပေါင်းအဖွဲ့များ စစ်ရေးလှုပ်ရှားမှု ရှိလာသဖြင့် KNLA နှင့် တိုက် ပွဲဖြစ်လာ နိုင်သည့်အတွက် ဒေသခံပြည်သူ ၂၀ဝ၀ ခန့် နေအိမ်များစွန့်ခွာ ထွက်ပြေးနေကြောင်း KNU ထုတ်ပြန်
■ COVID-19 ဓာတ်ခွဲနမူနာ ၇၅၅၂ ခုအား စစ်ဆေးခဲ့ရာ လူနာသစ် ၁၁၀ ဦး တွေ့ရှိပြီး သေဆုံးသူ သုံးဦးရှိခဲ့
■ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးတွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒက်စမွန် တူးတူး အသက် ၉၀ အရွယ်၌ ကွယ်လွန်
■ အိန္ဒိယတွင် အသက် ၁၅ နှစ်နှင့်အထက် အရွယ်များကို ဇန်နဝါရီလမှစ၍ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမည်
■ ဆူဒန်တွင် သမ္မတအိမ်တော်ဆီသို့ ချီတက်ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဓာတ်ငွေ့သုံးကာ ဖြိုခွင်း
■ဖယ်ရန်တောရက်စ်ကို ခေါ်ယူပြီးနောက် လုခ်ဒီယွန်းကို ဘာစီလိုနာ စာချုပ်ဖျက်သိမ်းဖွယ်ရှိ