လူမှုကွန်ရက်တွင် ပျံ့နှံနေသည့် အနည်းဆုံးအခကြေးငွေကို တစ်နေ့ ကျပ် ၃၆၀၀ နှုန်း သတင်းမှာကောလာဟလသာဖြစ်
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေသည် ကျပ် ၄၈၀၀ ထက် လျှော့ချသတ်မှတ်ခြင်းမရှိဘဲ ယခင်သတ်မှတ်ထားသည့် ကျပ် ၄၈၀၀ သာ အတည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက် နေ့စွဲဖြင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်၊