ရေဘေးဒုက္ခသည်များအတွက် အစိုးရက ရင်းဂစ် ၁.၄ ဘီလျံသုံးစွဲမည်ဟု မလေးရှားဝန်ကြီးချုပ်ထုတ်ပြန်
အခုလအတွင်း ပြင်းထန်ရေကြီးမှုတွေကြောင့် ထိခိုက်ခဲ့သူတွေအတွက် ငွေသားအကူအညီအပြင် အခြားပုံစံတွေနဲ့ ထောက်ပံ့မှုတွေအတွက် မလေးရှားအစိုးရက ရင်းဂစ် ၁.၄ ဘီလျံ (ဒေါ်လာ ၃၃၄. ၉၃ သန်း) ပံ့ပိုးပေးသွားမယ်လို့ ဒီဇင်ဘာ ၂၉ ရက်က မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့က ထုတ်ပြန်ခဲ့ပါတယ်။