ကျိုက်ထိုမြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးရုံး လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့

ကျိုက်ထိုမြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးရုံး လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့
Published 7 January 2022

ကျိုက်ထိုမြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးရုံး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး အမျိုးသမီးဝန်ထမ်း (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

မွန်ပြည်နယ် ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်မှာရှိတဲ့ ကျိုက်ထိုမြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးရုံးဟာ ဇန်နဝါရီလ (၆) ရက်၊ ညနေပိုင်းက လက်ပစ်ဗုံးနဲ့ပစ်ပေါက်ဖောက်ခွဲခံရပြီး အမျိုးသမီးဝန်ထမ်း (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေ ရဲ့ ပြောကြားချက်အရ သိရပါတယ်။