ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး၊ ပို့ကုန်သွင်းကုန်နှင့် သဘာဝဘေးပုဒ်မများဖြင့် စွဲဆိုထားသည့်အမှု သုံးမှုအတွက် ထောင်ဒဏ် ၄ နှစ်ထပ်မံချမှတ်
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့နဲ့ စွဲဆိုထားတဲ့ အမှုသုံးမှုအတွက် ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ သိရပါတယ်။