အများပြည်သူကို အနှောင့်အယှက်ဖြစ်စေမှု စွဲချက်များအတွက် အပြစ်မရှိကြောင်း ဟောင်ကောင် ထီးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူများ ထွက်ဆို
ဟောင်ကောင် ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူ သုံးဦးဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့တဲ့ ဧရာမ လူထုစုဝေးပွဲတွေမှာ ပါဝင်မှုနဲ့ ပတ်သက်ပြီး အများပြည်သူကို အနှောင့်အယှက်ဖြစ်စေမှုနဲ့ စွဲချက်တင် ခံရမှုတွေအတွက် အပြစ်မရှိကြောင်း နိုဝင်ဘာလ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ ရုံးတင်စစ်ဆေးမှုမှာ ထွက်ဆိုခဲ့ပါတယ်။