မြောက်ကိုရီးယားနိုင်ငံသားများကို ကုလအရေးယူမှုစာရင်းတွင် ထည့်သွင်းရန် အမေရိကန် အဆိုပြုမည်
မြောက်ကိုရီးယားက အသံလွန်ဒုံးကျည်လို့ဆိုတဲ့အရာကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး နောက်တစ်ရက်အကြာမှာ ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ နောက်ထပ်မြောက်ကိုရီးယားနိုင်ငံသားတွေကို ထည့်သွင်းဖို့ အမေရိကန်ပြည်ထောင်စုက အဆိုပြု သွားမယ်လို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်က ကြေညာခဲ့ပါတယ်။