ဇန်နဝါရီလ သုံးလပတ်အတွင်းမှာပင် ထိုင်းနိုင်ငံသို့တရားမဝင် သွားရောက်သဖြင့် မြန်မာနိုင်ငံသား ၂၃၀၀ခန့် ဖမ်းဆီးခံခဲ့ရ
ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်သဖြင့် မြန်မာနိုင်ငံသားများ နေ့စဉ်ဖမ်းဆီးခံနေရကာ ဇန်နဝါရီလ ၂၀ ရက်နေ့ တစ်ရက်တည်း ၂၈၀ ကျော် ဖမ်းဆီးခံရကြောင်းနှင့် ဇန်နဝါရီလ သုံးပါတ်အတွင်း ဖမ်းဆီးခံရသူ ၂၃၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများထံမှသိရပါတယ်။