လွယ်ဂျယ်-လာရင်း နယ်စပ်ဂိတ်မှာ ပိတ်မိနေသည့် ကားအစီးရေ ၄၀၀ ကျော် မြန်မာနိုင်ငံအတွင်း စတင်သယ်ယူခွင့်ပြု
မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်-လာရင်းနယ်စပ်ဂိတ်ပိတ်ထားတဲ့အတွက် တရုတ်နိုင်ငံဘက်မှာ ခုနှစ်လကြာ ပိတ်မိနေတဲ့ ကားအစီးရေ ၄၀၀ ကျော်ကို ဇန်နဝါရီ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံအတွင်း သယ်ယူခွင့်ပြုခဲ့ကြောင်း သိရပါတယ်။