တောင်ကိုရီးယားနိုင်ငံ၌ နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ပထမဆုံးအကြိမ် ၈ဝဝဝ ကျော်ရှိလာ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ နှေးသွားစေရန် တင်းကြပ်သည့် Social distancing စည်းကမ်းများကို မကြာခင်က သက်တမ်းတိုးခဲ့သော်လည်း ကူးစက်မှုအလွန်မြန်သော အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်က လျင်မြန်စွာ ပျံ့နှံ့နေသောကြောင့် ဇန်နဝါရီ ၂၅ ရက်တွင် တောင်ကိုရီးယားမှာ နေ့စဉ် ထပ်မံကူးစက်ခံရသူ အရေအတွက်မှာ ပထမဆုံးအကြိမ် ၈ဝဝဝ ကျော် ရှိလာခဲ့သည်။