ရေအောက်ပိုက်လိုင်း ယိုစိမ့်သဖြင့် ထိုင်းပင်လယ်ကွေ့တွင် ရေနံစိမ်းတန်ချိန် ၅၀ ဖိတ်စင်
ရေအောက်ရေနံစိမ်းပိုက်လိုင်းကနေ ရေနံစိမ်းတန်ချိန် ၅၀ အထိ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ ၂၇ ရက်နေ့က ထိုင်းရေတပ်နဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာပညာရှင်တွေဟာ သဘာဝအတိုင်းရှိတဲ့ အပန်းဖြေကမ်းခြေတွေအနီးမှာ ယိုစိမ့်ရေနံတွေကို ရှင်းလင်းဖို့ ကြိုးစားလျက်ရှိပါတယ်။