ဇန်နဝါရီ ၂၉ ရက် နံနက်ခင်းသတင်းအစီအစဉ်
■ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်
■ ဆိုက်ဘာနယ်ပယ်လုံခြုံရေးမှုရှိစေရေးနှင့် ဆိုက်ဘာခြိမ်းခြောက်တိုက်ခိုက်မှုများကို ကာကွယ်တုံ့ပြန်နိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေဟု ပို့/ဆက် ဒုတိယဝန်ကြီးဆို
■ တမူးမြို့မှ ၄၈ ဦး၊ကလေးမြို့မှ ၂၀ ဦးအပါအဝင် ၇၂ ဦးတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိ
■ မိုးညှင်းမြို့နယ်နန်းမားဒေသမြစ်ကြီးနား-မန္တလေးလမ်းမကြီးဘေးတွင် မိုင်းကွဲမှုကြောင့် လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိ
■ သံတမန်များအတွက် ကိုဗစ်စည်းကမ်းများ ဖြေလျှော့ပေးရန် အမေရိကန်က တရုတ်အစိုးရကို မေတ္တာရပ်ခံ
■ ယူကရိန်းကိုကျူးကျော်ပါက ဓာတ်ငွေ့ပိုက်လိုင်းကို ဆုံးရှုံးမည်ဟု ဂျာမနီနှင့်အမေရိကန်က ရုရှားကို သတိပေး
■ ဗလာဟိုဗစ်ကို ယူရို(၇၅)သန်းဖြင့် ဂျူဗင်တပ်စ် သဘောတူညီမှု ရရှိ