မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန် ကမ္ဘာ့နိုင်ငံများ ကြိုးပမ်းလုပ်ဆောင်ရမည်
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်နှင့် ပြည်တွင်းစစ်ကို ရှောင်လွှဲနိုင်ရေး ကမ္ဘာ့နိုင်ငံများ အနေဖြင့် ကြိုးပမ်းလုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် တိုက်တွန်း
ကမ္ဘာကြီးအနေဖြင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်နှင့် ပြည်တွင်းစစ်ကို ရှောင်လွှဲ နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က ဇန်နဝါရီ ၂၈ ရက်မှာ ပြောကြားခဲ့တယ်လို့ AFP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။