ပူတာအိုဒေသတွင် နေထိုင်သူများ မူးယစ်ဆေးဝါး ရောင်းဝယ်စိုက်ပျိုးခြင်း၊ တပ်နှင့်ဆက်နွှယ်သည့် ပစ္စည်းများ ရောင်းချခြင်းနှင့် ဒေသခံများ ပိုင်ဆိုင်သည့်မြေတွင် ရွှေတူးခြင်းများမပြုလုပ်ရန် KIO သတိပေး
ကချင်ပြည်နယ် ၊ ပူတာအိုဒေသနှင့် ပူတာအို-မြစ်ကြီးနားကားလမ်းဝန်းကျင်မှာ နေထိုင်သူများ မူးယစ်ဆေးဝါး ရောင်း၊သုံး ၊ သယ်ဆောင် ၊ စိုက်ပျိုးခြင်း ၊ တပ်မတော်နှင့် ဆက်နွှယ်တဲ့ စားသောက်ကုန်ရောင်းချခြင်းနဲ့ ဒေသခံပြည်သူများ ပိုင်ဆိုင်တဲ့ မြေမှာ ရွှေတူးခြင်းများကို မပြုလုပ်ဖို့ KIO က ဇန်နဝါရီ ၃၀ ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။