ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသော်လည်း ထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိကြောင်း အိုလံပစ် ပြိုင်ပွဲ စီစဉ်သူများ ပြောကြား
ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေတဲ့အခြေအနေတွေဟာ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ ရှိနေကြောင်း တရုတ်အစိုးရရဲ့ အိုလံပစ်ပြိုင်ပွဲ ကာလအတွင်း ကပ်ရောဂါတားဆီးကာကွယ်ထိန်းချုပ် ရေးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။