အနောက်နိုင်ငံများသည် ရုရှား၏ လုံခြုံရေးစိုးရိမ်ပူပန်မှုများကို လျစ်လျူရှု ထားကြောင်း ပူတင်စွပ်စွဲ
ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်းအနေဖြင့် တင်းမာမှုများမြင့်တက်နေတဲ့ အခြေအနေကို အဆုံးသတ်နိုင်မယ့် နည်းလမ်းတခု ရှာဖွေတွေ့ရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် အနောက်နိုင်ငံများမှာ ရုရှားရဲ့ လုံခြုံရေးစိုးရိမ်ပူပန်မှုများကို လျစ်လျူရှုထားပြီး ရုရှားကို ထိန်းချုပ်နိုင်ဖို့ ယူကရိန်းကို လက်တိုင်တုတ်သဖွယ်အသုံးချနေတယ်လို့ ဖေဖော်ဝါရီ ၁ ရက်က စွပ်စွဲခဲ့ပါတယ်။