ဖေဖော်ဝါရီ ၅ ရက် နံနက်ခင်းသတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)
■ မကွေးတိုင်းဒေသကြီး ဆောမြို့တွင် ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် စိုက်ပျိုးရေး၊ မီးသတ်၊ သစ်တော၊ စည်ပင် အစရှိသည့် အစိုးရရုံးများအပါအဝင် ပြည်ခိုင်ဖြိုးပါတီရုံးနှင့် စားသောက်ဆိုင်တစ်ဆိုင်ပါ မီးရှို့ခံရ
■ ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းများနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိ အမှုအတွက် တရားလိုဘက်မှ သက်သေခံစာရွက်စာတမ်းများတင်ပြမှုအပေါ် ကန့်ကွက်
■ နမ့်ခမ်းမြို့လယ်ရှိ နမ့်ခမ်းမြို့မဈေးသို့ TNLA တပ်ဖွဲ့ဝင်အများအပြားလာရောက်ခဲ့သဖြင့် ဈေးဆိုင်များ ပိတ်သိမ်းပြီး တိုက်ပွဲဖြစ်ပွား မည်ကို ဒေသခံများစိုးရိမ်နေ
■ ပေကျင်းအိုလံပစ်ဖွင့်ပွဲနှင့်ပတ်သက်ပြီး လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း တရုတ်ကို မြောက်ကိုရီးယားက သဝဏ်လွှာပေးပို့
■ ယူကရိန်းအရေး ပြေလည်စေရန် ပြင်သစ်နှင့်တူရကီသမ္မတတို့ ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်း
■ ဘာစီလိုနာကစားသမားဖြစ်လာရခြင်းကို အိပ်မက်တစ်ခုလို ထင်မှတ်နေဆဲဟု အူဘာမီယန်း ပြော