မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာသူ အရေအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း နှစ်ဆ ဖြစ်သွားပြီး ရှစ်သိန်းကျော် ရှိလာဟု UNHCR ပြောကြား (ရုပ်သံ)
မြန်မာနိုင်ငံတွင် ပြည်တွင်းအိုးအိမ်စွန့်ခွာသူ အရေအတွက်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် နှစ်ဆဖြစ်လာကာ ၈၀၀,၀၀၀ ကျော်ရှိလာသောကြောင့် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ (UNHCR) သည် အိုးအိမ် စွန့်ခွာပြေးသူ ရာပေါင်းများစွာကို အရေးပေါ်အကူအညီပေးခြင်းအားတိုးမြှင့် ဆောင်ရွက်နေသည်ဟု ဖေဖော်ဝါရီ ၁၁ ရက်တွင် ဂျီနီဗာမြို့၌ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲတွင် UNHCR ပြောရေး ဆိုခွင့်ရှိသူမတ်သရူးဆော့လ်မာ့ရှ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။