■ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ ရှေ့လ၌ လာရောက်မည်ဖြစ်ပြီး အမှုရင်ဆိုင်နေရသူများမှအပ နိုင်ငံရေးပါတီများအပါအဝင် အခြားပုဂ္ဂိုလ်များကို တွေ့ဆုံခွင့်ပြုမည်
■ ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းများနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို အဂတိဖြင့် စွဲဆိုထားသည့် အမှုနှစ်မှုအား စစ်ဆေး
■ အာဆီယံသည် မြန်မာ့အရေးနှင့် ပတ်သက်၍ အဓိကနေရာတွင် ဆက်လက်ရပ်တည်သွားမည်ဖြစ်သော်လည်း အာဆီယံအာဂျင်ဒါကို အပိုင်စီးသွားမည်ကို ခွင့်ပြုမည်မဟုတ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြောကြား
■ မြိုင်မြိုတွင် နေအိမ်အဆောက်အဦ ငါးလုံးခန့် ချိပ်ပိတ်ခံခဲ့ရပြီး လူ ၂၀ ဝန်းကျင် ဖမ်းဆီးခံထားရ
■ ယူကရိန်းနယ်စပ်အနီးမှ တပ်များကို ရုပ်သိမ်းနေပြီဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း တပ်ရုပ်သိမ်းမှုကို သက်သေပြရန် အမေရိကန် စိန်ခေါ်
■ အိန္ဒိယတွင် ၂၀ဝ၈ ဗုံးခွဲတိုက်ခိုက်မှုများနှင့် စပ်လျဉ်းပြီး လူ ၃၈ ဦးကို သေဒဏ်ချမှတ်
■ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် စပါးတွင် အခွင့်အရေး (၁) ရာခိုင်နှုန်းသာရှိသည်ဟု ကွန်တီ သုံးသပ်