ရုရှားရဲ့ကျူးကျော်မယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံကို မိမိကိုယ်ကို ကာကွယ်ရေးအတွက် နယ်သာလန် နိုင်ငံက စနိုက်ပါ ရိုင်ဖယ်တွေနဲ့ စစ်သုံးဦးထုပ်တွေအပါအဝင် စစ်ဘက်အသုံးအဆောင်တွေပေးပို့သွားမယ်လို့ နယ်သာလန် နိုင်ငံ ခြားရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။