မလေးရှားတွင် ၂၀၀၅ ခုနှစ်နောက်ပိုင်း မွေးဖွားသူများကို ဆေးလိပ်သောက်ခွင့်ပိတ်ပင်မည့် ဥပဒေထုတ်ပြန်မည်

မလေးရှားတွင် ၂၀၀၅ ခုနှစ်နောက်ပိုင်း မွေးဖွားသူများကို ဆေးလိပ်သောက်ခွင့်ပိတ်ပင်မည့် ဥပဒေထုတ်ပြန်မည်
Published 20 February 2022

မလေးရှားနိုင်ငံမှာ မျိုးဆက်အလိုက် ဆေးလိပ်ကင်းစင်စေဖို့ လုပ်ဆောင်တဲ့ ရည်ရွယ်ချက်တစ်ခုအဖြစ် ၂၀၀၅ ခုနှစ် နောက်ပိုင်း မွေးဖွားသူတွေကို ဆေးလိပ်သောက်ခွင့်နဲ့ လက်ဝယ်ပိုင်ဆိုင်ခွင့် တားမြစ်မယ့် ဥပဒေသစ်တစ်ရပ်ထုတ်ပြန်သွားမယ် လို့ ကျန်းမာရေးဝန်ကြီး ခါအီရီ ဂျာမာလူဒင်က ဖေဖော်ဝါရီလ ၁၇ ရက်က ပြောကြားခဲ့ပါတယ်။