■ ဂမ်ဘီယာနိုင်ငံသည် အိုအိုင်စီ၏ တာဝန်ပေးချက်အရ အိုအိုင်စီကိုယ်စား တရားစွဲပေးခြင်းဖြစ်၍ ယခုအမှုကို တရားရုံးက လက်မခံသင့်ကြောင်း မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေ ပြောကြား
■ COVID-19 ဓာတ်ခွဲနမူနာ ၃၃၀၀၀ ကျော်အား စစ်ဆေးရာ လူနာသစ် ၃၅၆၃ ဦး တွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ ခြောက်ဦး ရှိခဲ့
■ ဦးမင်းကိုနိုင်၏ နေအိမ်တိုက်ခန်းကို ဝရမ်းကပ်သိမ်းဆည်းပြီး ဒါရိုက်တာကိုပေါက် နေအိမ်အား ချိပ်ပိတ်
■ ပခုက္ကူမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ များပြားလာသည့်အတွက် အထူးကြပ်မတ်ကုသဆောင်များ ထပ်တိုးပြင်ဆင်ထားပြီး ဆေးရုံတက် ပိုးတွေ့လူနာ ၄၃ ဦး ရှိ
■ ယူကရိန်းအရေးနှင့်ပတ်သက်၍ အခြေအနေပိုဆိုးရွားလာမှုအပေါ် စိုးရိမ်မိဟု တရုတ်နိုင်ငံ ပြောကြား
■ အသက် ၁၂ နှစ်နှင့် ၁၈ နှစ်အရွယ် ကလေးများအတွက် Biological E ကုမ္ပဏီထုတ် Corbevax ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အိန္ဒိယက အရေးပေါ်အသုံးပြုရန် ခွင့်ပြု
■ စီရော်နယ်လ်ဒိုနှင့် မက်ဂွိုင်းရားတို့ အသင်းခေါင်းဆောင်ရာထူးကို လုနေကြကြောင်း သတင်းထွက်