ယူကရိန်း အရေးနှင့်ပတ်သက်၍ အခြေအနေ ပိုဆိုးရွားလာမှုအပေါ် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့ပြီး သက်ဆိုင်သူ အားလုံးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကာ စေ့စပ်ဆွေးနွေးမှု နည်းလမ်းမှတစ်ဆင့် အမြင်မတူညီမှုများကို ဖြေရှင်းကြရန်လည်း ၎င်းက ထပ်လောင်းတိုက်တွန်းခဲ့သည်။