ရုရှားနဲ့ ယူကရိန်းအရေး နောက်ဆုံးသတင်းများရရှိမှု
မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းမှာပဲ ရုရှားသမ္မတပူတင်က ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ် ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။
“ကျွန်တော်ဟာ စစ်ဆင်ရေးနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါတယ်”လိ့ု မော်စကိုစံတော်ချိန် နံနက် ၆ နာရီမထိုးမီ ရုပ်သံကနေ ပူတင်က ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ကာလမှာပဲ ရုရှားနဲ့ ယူကရိန်းတို့အကြားမှာ အငြင်းပွားမှုတွေ ရှိနေခဲ့ပြီးတော့ ဒီကနေ့မှာတော့ ပူတင်က ယူကရိန်းနိုင်ငံမှာ စစ်ဆင်ရေးတစ်ရပ် ပြုလုပ်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။