ယူကရိန်း အရှေ့ပိုင်းရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ စစ်ဖက်ဆိုင်ရာ ထိန်းချုပ် ကွပ်ကဲရေး ဌာနများနှင့် လေယာဉ်ကွင်းများ တိုက်ခိုက်ခံရ
ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက ယူက ရိန်းနိုင်ငံ၏မြို့တော် ကိယက်ဗ် အနှံ့အပြား တွင် အရေးပေါ် အချက်ပေး ဥသြသံများ ထွက်ပေါ်လာခဲ့ပြီး နိုင်ငံအရှေ့ပိုင်းရှိ တပ်ဖွဲ့ ဝင်များ၊ စစ်ဖက်ဆိုင်ရာ ထိန်းချုပ် ကွပ်ကဲရေး ဌာနများနှင့် လေယာဉ်ကွင်းများ ရုရှား၏ လက်နက်ကြီးဖြင့် အပြင်းအထန် ပစ်ခတ်မှုကို ခံခဲ့ရသည်ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီး က ပြောကြားခဲ့ပါတယ်၊