တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုများကို ဂျပန်အစိုးရက ဖြေလျှော့ပေးတော့မည်ဖြစ်၍ ပြည်ပကျောင်းသားများနှင့်လုပ်သားများကို ပိုမိုဝင်ခွင့်ပြုမည်
တိုကျိုအပါအဝင်ဒေသအချို့မှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကန့်သတ်ဖို့ ရောဂါကူးစက်မှုထိန်းချုပ်ရေးအစီအမံတွေကို သက်တမ်းတိုးဖို့ပြင်ဆင်နေစဉ် နိုင်ငံတွင်းကိုနောက်ထပ်လူတွေ အထူးသဖြင့် ကျောင်းသားတွေကို ပိုမိုဝင်ရောက်ခွင့်ပြုရေး အ တွက် ဂျပန်အစိုးရက နယ်စပ်ထိန်းချုပ်မှုတွေ ဖြေလျှော့ပေးရေး စီစဉ်ဆောင်ရွက်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါ တယ်။