COVID-19 ဓာတ်ခွဲနမူနာ ၂၀၀၀၀ ကျော် အား စစ်ဆေးရာ လူနာသစ် ၁၄၀၁ ဦး တွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ သုံးဦး ရှိ
မတ် ၇ ရက် ည ၈ နာရီမှ မတ် ၈ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀၁၄၃ ခုအား စစ်ဆေးရာတွင် ဓာတ်ခွဲ အတည် ပြုလူနာသစ် ၁၄၀၁ ဦးရှိတွေ့ရှိပြီး ပိုးတွေ့ရှိမှု ခြောက်ရာခိုင်နှုန်းကျော်ရှိလာကာ သုံးဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ မတ် ၈ ရက် ညပိုင်း သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။