၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံတွင် လူဦးရေ ၈ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရ
မြန်မာနိုင်ငံတွင် လူဦးရေ ၈ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အဆိုပါထဲမှ ၅သိန်းကျော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အိုးအိမ်စွန့်ခွာနေရသူများဖြစ်ဟု UNOCHA ထုတ်ပြန် (ရုပ်သံ)
မြန်မာနိုင်ငံမှာ လူဦးရေ ၈၇၃,၀၀၀ ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး အဆိုပါလူဦးရေထဲက ၅၀၂,၆၀၀ ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးကတည်းက အိုးအိမ်စွန့်ခွာထွက်ပြေးလာကြရသူတွေ ဖြစ်တယ်လို့ UNOCHA Myanmar က ထုတ်ပြန်ပါတယ်။